Connect with us

Politics, Law & Military

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် လက်တွဲကာ စီးပွားရေးပိုမိုချိတ်ဆက် ဆောင်ရွက် မည့်အစီအစဉ်ရှိဟု ဒုတိယ သမ္မတဆို

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များ(၁၂) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် လက်တွဲပြီး စီးပွားရေးနှင့် လူမှုရေးအရ ပိုမိုချိတ်ဆက် ဆောင်ရွက်မည့်အစီအစဉ်များရှိကြောင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ယင်းတို့ ပေါင်းစည်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် တတ်သိပညာရှင် များက စီးပွားရေး၊လူမှုဖွံ့ဖြိုးရေးစသည့် အဆင့်အသီးသီးတွင် ကွဲပြားမှုရှိနေသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ကွာဟချက်ကျဉ်းမြောင်းအောင် ဆောင်ရွက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍကပါဝင်နေကြောင်း ၎င်းကဆိုသည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ရာ ၂၀၁၇ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်း (၁၁)ကြိမ် တွေ့ဆုံးဆွေးနွေးခဲ့ပြီး တင်ပြချက်ပေါင်း (၁၈၁)ချက်ရှိခဲ့ပါကြောင်း၊ အဆိုပါ တင်ပြချက် (၁၈၁)ချက်ကိုလည်း သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များသို့ ပြန်ကြားဖြေရှင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အချို့အချက်များ သည် ဝန်ကြီးဌာန နှစ်ခုသုံးခုနှင့် သက်ဆိုင်နေသည့်အတွက် မပြီးပြတ်သည်များကို အမြန်ဆုံးပြီးပြတ်အောင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတက ဆိုသည်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များ(၁၂) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုုးထုတ်လုပ်သူများအသင်း၊ မြန်မာ့ကုန်သွယ်ရေကြောင်း ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ယင်း အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန် မြန်ဆန်ရေး အတွက် ဆောင်ရွက်မည့် အခြေအနေ၊ လျှပ်စစ်စွမ်းအားရရှိနိုင်ရန် ဆောင်ရွက်မည့်အခြေအနေနှင့် အခွန်ဥပဒေနှင့် စပ်လျဉ်းသည့် အကြောင်းရာများကို ရှင်းလင်းပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.