ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွက် အာဇာနည်နေ့သည် ဝမ်းနည်းစရာနေ့ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်ပေါ်သော အကြမ်းဖက်စနစ်ကို အစဉ်အမြဲဆန့်ကျင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) (၇၀) ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးလျက် နေပြည်တော်ရှိ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း ၊ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခြင်းကို နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အဆင့်...
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ယနေ့ဇူလိုင် ၁၉ ရက်တွင် ကျင်းပရာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ ၏ အထိမ်းအမှတ်...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တပ်မတော် သယ်ယူပို့ဆောင်ရေး Y-8 ပျက်ကျမှုသည် ပေါက်ကွဲစေသောပစ္စည်းကြောင့် ပျက်ကျခဲ့ခြင်းမဟုတ်ဘဲ ဆိုးဝါးသောရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး lost controlဖြစ်ပေါ်ပျက်ကျခဲ့ကြောင်းယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အပြစ်မဲ့အရပ်သား အများအပြား သေဆုံးနေမှုသည် အစွန်းရောက်တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး အဆိုပါနေရာတွင် အကြမ်းဖက်လှုပ်ရှားမှုမြင့်တက်လာကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်မြို့ ရပ်ကွက် ၄ ရှိ နေအိမ်တစ်အိမ်တွင် WY စိတ်ကြွ ဆေးပြား ၄၉၅၀၀ ပြားဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
မောင်တော၊ဇူလိုင်၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအစိုးရ၏ စီစဉ်ပေးမှုဖြင့် နိုင်ငံတကာသတင်းဌာနများ မှ သတင်းထောက်များသည် ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေသော အရေးကိစ္စများအား သတင်းရယူနိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသသို့သွားရောက်၍ သတင်းရယူ တွေ့ဆုံမေးမြန်းမှုကို ဇူလိုင်လ ၁၂ ရက် မှ ၁၆ ရက်အတွင်း ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ငါးခူရရဲစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်သူ တရားခံပြေးနှစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး...
ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး ဖုန်းတင့် ကို ခန့်အပ် တာဝန် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊...