ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့အထိ မှတ်ပုံတင်ခြင်းမရှိသည့်ဆင်းကတ် များကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အပြီးသတ်ပိတ်သိမ်း သွားမည်ဖြစ်ပါသဖြင့် သုံးစွဲသူ ပြည်သူများအနေဖြင့် မှတ်ပုံတင်ရန် ကျန်ရှိသည့်ဆင်းကတ်များကို အချိန်မီစနစ်တကျ မှတ်ပုံတင်ရေးဆောင် ရွက်သွားကြရန်...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တတိယ အကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/ ၂ဝ၁၇) တွင် ဆွေးနွေး သဘောတူညီခဲ့ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ လက်မှတ်များကို ဈေးတင် ရောင်းချသဖြင့် တိုင်ကြားခံရသော ဆိုင်ပေါင်း ၁၃ဝ ကျော် သတိပေးခံရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲ(ရန်ကုန်)ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရာ၌ ပါဝင်သော ရေငုပ်သမားတစ်ဦး ကွယ်လွန်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) မိုင်းဖြတ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ် နှစ်စီး ဖြင့် လက်နက်/ခဲယမ်းသယ်ဆောင်လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) မောင်တောခရိုင် အတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသည့် အစိုးရ ဝန်ထမ်းများအား လစာ နှစ်ဆ ခံစားခွင့်ကို တတိယအကြိမ် ထပ်မံခံစားခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ရာ ဆေးဝါး ရှစ်မျိုးသည် တရားမဝင်ဆေးဝါးများအဖြစ် စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အထူးအစီအစဉ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့် စတင်ခွင့်ပြုချိန်မှ ယခုနှစ်မေလထိ စုစုပေါင်း မော်တော်ယာဉ်ပါမစ် ၅၈၇,၄ဝ၂ စီးအားခွင့်ပြုဆောင်ရွက်ပေးခဲ့ပါကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ပင်လယ်ကူး သင်္ဘောသားများအတွက် နိုင်ငံတကာအဆင့် ပြည့်စုံသည့် ရေကြောင်း အလုပ်သမား ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။