Connect with us

Politics, Law & Military

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် သုံးနှစ်အတွင်း တိုင်ကြားစာ ၃၇၀၀ ကျော်ရရှိခဲ့

မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က အစီရင်ခံစာ တင်သွင်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တိုင်ကြားစာ ၃၇၃၇ စောင်ရရှိခဲ့သည်ဟု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ယနေ့ ပြညည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ကော်မရှင်၏ အစီရင်ခံစာ တင်သွင်းရာတွင် ပြောကြားခဲ့သည်။

“၂၀၁၄ မှာ တိုင်ကြားစာပေါင်း ၁၈၃၉ စောင်၊ ၂၀၁၅ မှာ ၁၂၈၇ စောင်၊ ၂၀၁၆ မှာ ၆၁၁ စောင် – စုစုပေါင်း ၃၇၃၇ စောင် ရှိခဲ့ပါတယ်” ဟု ဦးစစ်မြိုင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုတိုင်ကြားစာများအနက် ပထမ အများဆုံးမှာ မြေယာသိမ်းဆည်းမှုဆိုင်ရာ ကိစ္စများဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ၉၄၄ စောင် ၂၀၁၅ ခုနှစ်တွင် ၆၂၆ စောင်နှင့် ၂၀၁၆ ခုနှစ်တွင် ၂၇၄ စောင် – စုစုပေါင်း ၁၈၄၄ စောင်ရှိခဲ့ကြောင်း၊ ဒုတိယအများဆုံးမှာ တရားရေးနှင့် ဆိုင်သော ကိစ္စများ ဖြစ်ပြီး ၂၀၁၄ တွင် ၁၆၆ စောင် ၂၀၁၅ တွင် ၁၄၁ စောင်၊ ၂၀၁၆ တွင် အစောင် ၈၀ – စုစုပေါင်း ၃၈၇ စောင်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်အတွင်း ရရှိခဲ့သည့် တိုင်ကြားစာပေါင်း ၆၁၁ စောင်တွင် တိုင်ကြားခံရသည့် အဖွဲ့အစည်း များ အနက် ပြည်ထောင်စု ဝန်ကြီးဌာနများက ၁၈၇ စောင် တရားရေးအဖွဲ့အစည်းများက အစောင် ၈၀၊ တပ်မတော်က ၅၈ စောင်၊ ရဲတပ်ဖွဲ့က အစောင် ၅၀၊ တိုင်းရင်းသား လက်နက်ကိုင်များက ၁၆ စောင်၊ စီးပွားရေး လုပ်ငန်းနှင့် ကုမ္ပဏီများက အစောင် ၄၀၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ၄၇ စောင်နှင့် လူပုဂ္ဂိုလ်အချင်းချင်း တိုင်ကြားခံရမှုက ၁၃၂ စောင် အသီးသီး ပါဝင်ကြောင်းလည်း ကော်မရှင် ဒုတိယ ဥက္ကဋ္ဌက တင်ပြခဲ့သည်။

ကော်မရှင်သည် တွေ့ဆုံညှိနှိုင်းမှုများ၊ ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခြင်း၊ စစ်ဆေး တွေ့ရှိချက်များအရ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများအား တိုက်တွန်း အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို လက်ရှိထက် ပိုမို တင့်မြှင့်သင့်ကြောင်းလည်း ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

“ပြည်ထောင်စု ဝန်ကြီးဌာနတွေကို ၂၀၁၄ မှာ အကြောင်းကြားစာ ၅၄၃ စောင် ပို့ခဲ့ရာမှာ ၂၈၈ စောင် (၅၃ ဒသမ ၀၄ ရာခိုင်နှုန်း) ပြန်ရခဲ့ပါတယ်၊ ၂၀၁၅ မှာ အကြောင်းကြားစာ ၆၀၇ စောင်မှာ အစောင် ၃၅၀ (၅၇ ဒသမ ၆၆ ရာခိုင်နှုန်း) ပြန်ရခဲ့ပါတယ်၊ ၂၀၁၆ မှာ ၃၁၁ စောင်ပို့ခဲ့ရာမှာ ပြန်ကြားစာ ၁၆၅ စောင် (၅၃ ဒသမ ၀၅ ရာခိုင်နှုန်း) ရရှိခဲ့ပါတယ်၊ ဝန်ကြီးဌာနတွေရဲ့ ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက် မှုကို အခုထက် ပိုတိုးမြှင့်ဖို့ လိုပါတယ်” ဟု ဦးစစ်မြိုင်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.