Connect with us

Politics, Law & Military

တောင်ကျရေများကြောင့် သုဝဏ္ဏဝတီမြို့အဝေးပြေးကားလမ်း အနိမ့်ပိုင်း ရေကျော်မှုဖြစ်

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း အနိမ့်ပိုင်း၊ သုဝဏ္ဏဝတီမြို့၊ကျိုက္ကော်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအနီးရေကျော်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း အနိမ့်ပိုင်း၊ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအနီး အလျား ပေ ၈ဝဝ ခန့်တွင် ရေကျော်ပြီး ယာဉ် အသွားအလာများ ခေတ္တနှောင့်နှေးမှုဖြစ် ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ယင်းနေရာတွင် လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်းကလည်း ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ပြီး ယခု ဇူလိုင် ၁၉ ရက် နံနက်က ရေကြီးမှုမှာ တစ်ပတ်အတွင်း တတိယအကြိမ် ကားလမ်းပေါ် ရေလျှံ ခြင်းဖြစ်ကြောင်း၊ ကျိုက္ကော်ချောင်းမှာ အကွေ့များပြီး ရေစီးလမ်းကြောင်း ပြောင်းလာ ခြင်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာမကောင်းခြင်းတို့ကြောင့် ယခုကဲ့သို ကားလမ်းပေါ် ရေလွှမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလွှမ်းမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိခဲ့သော်လည်း ဒေသခံများနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရန်ခက်ခဲခဲ့ရာ နယ်မြေခံ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းများက ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.