Connect with us

Politics, Law & Military

မြဝတီ နှင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်များမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၃၈၀၀၀ ကျော် ပြန်လည် ဝင်ရောက်လာ

ရွှေ့ ပြောင်း မြန်မာ အလုပ်သမားများ နေရပ်များသို့ ရောက်ရှိရေး စီစဉ် ဆောင်ရွက်ပေးစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန်လ ၂၉ ရက် မှစ၍ ဇူလိုင် ၂၂ ရက်အထိ မြဝတီ နယ်စပ်ဂိတ်မှ ၃၃၇၃၉ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၄၉၂၀ ဦး စုစုပေါင်း ၃၈၆၅၉ ဦး ဝင်ရောက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့ပြန်လည် ဝင်ရောက်ခဲ့သည့် အနက် ၃၃၅၇၉ ဦးမှာ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာ သွားခဲ့သဖြင့် ၅၀၈၀ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာ နေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ထို့အတူ ရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း စီစဉ် ဆောင်ရွက် ထားရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117