ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ သြဂုတ်လကုန်အထိ စည်းကမ်းချိုးဖောက်သည့်မော်တော်ယာဉ်များအား Viber မှ တဆင့် တိုင်ကြားမှုပေါင်း ၂,၁၀၈ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၃၀ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ရက်မှ ၃၁ ရက်အထိ တစ်လထပ်မံရပ်ဆိုင်းမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(စက်တင်ဘာ ၂၉ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃၀,၂၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊အခြားသစ် စုစုပေါင်း ၇၇ ဒသမ ၀၅၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွေ့ဆိုင်းခြင်း မရွှေ့ဆိုင်းခြင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ညနေပိုင်း ပြုလုပ်သည့် အွန်လိုင်း...
နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိသည်ဟု သမ္မတ အိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေ့လယ်ပိုင်း၌ အတည်ပြု ပြောကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် နိုင်ငံတော်က ငွေကျပ် ၅၅၅ ဘီလီယံခန့်ကို အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော် ကောင်စီ နယ်မြေရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေး၏ နေအိမ်၌ စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက် ၊ မွန်းလွဲပိုင်းတွင် အလားတူ လက်ပစ်ဗုံး တစ်လုံး...
နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ရက်ည ၁၀ း ၀၀ နာရီခန့်တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နေအိမ်ဝင်း၌ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ...