Connect with us

Politics, Law & Military

ပြည်တွင်း၌ စက်သုံးဆီများ လုံလုံလောက်လောက်ရှိသောကြောင့် ပြည်သူများစိုးရိမ်ရန်မလိုဟု ဆို

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ဆီဖြည့်ရန်တန်းစီနေသည့် မော်တော်ယာဉ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ စက်သုံးဆီများ လုံလုံလောက်လောက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၉ ရက်တွင် အတည်ပြုပြောကြားသည်။သီလဝါဆီသိုလှောင်ကန် စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည် ဆိုခြင်းမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ယနေ့ဧပြီ ၁၉ ရက်တွင် သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်အခြေအနေမှာ ဓာတ်ဆီအနေဖြင့် ဂါလံသန်းပေါင်း ၄၅ သန်းခန့်နှင့် ဒီဇယ်ဆီ ဂါလံသန်းပေါင်း ၇၀ ခန့်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိ ဆိပ်ကမ်း၌ ရောက်ရှိနေပြီး မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသော သင်္ဘော ၂ စီးလည်းရှိနေကြောင်း၊ ထို့ကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ကိုရီးယားနိုင်ငံများမှ အဓိကတင်သွင်းလျက်ရှိကြောင်းထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် မကြာခင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဖြစ်သင့်သော ရည်ညွှန်းဈေးများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားပြီး စက်သုံးဆီဆိုင်အချို့ကလည်း စက်သုံးဆီများ လိုသလောက်ရောင်းချပေးလျက်ရှိကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် အသီးသီးထုတ်ပြန်ကြေညာထားသည်ကိုတွေ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.