Connect with us

Myanmar

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် AA အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦး အပါအဝင် အကျဉ်းသား ၈၀၀ ကျော်အား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု

၂၀၂၁ ခုနှစ် အောက်တိုဘာ၂၃ ရက်တွင် ဆန္ဒပြပွဲများ၌ပါဝင်၍ ဖမ်းဆီးထိန်းသိမ်းခံရသူမျာအား အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသည်ကို တေွ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းသား ၈၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ AA အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးလည်းအမှုရုပ်သိမ်းကာ ပြန်လည်လွှတ်ပေးခဲ့ပြီးဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တစ်ဝက်လျှော့ပေးခဲ့၍ သီရိလင်္ကာနိုင်ငံသား ၇ ဦးကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။

နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသားများထဲတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံထားပြီးစည်းကမ်းကောင်းမွန်စွာနေထိုင်သည့်အကျဉ်းသား ၈၁၄ ဦးအားပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကျခံရမည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့ပြင်နှစ်ရှည်ထောင်ဒဏ်
များချမှတ်ခြင်းခံရသော ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁ပုဒ်မခွဲ(၁)အရပြစ်ဒဏ်များ၏ထက်ဝက်ကာလကိုလွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင်နိုင်ငံတော်အတွင်းတရားစွဲဆိုထားဆဲဖြစ်သော AA အဖွဲ့ဝင်များနှင့်ဆက်စပ်သူ၄၆ဦး၏တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများအားပိတ်သိမ်း၍ ပုဒ်မ ၄၁၉ အရ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။ နိုင်ငံအချင်းအချင်းမိတ်မပျက်ဆက်ဆံရေးအားရှေးရှု၍အင်းစိန်အကျဉ်းထောင်တွင်ပြစ်ဒဏ်ကျခံလျက်ရှိသောသီရိလင်္ကာနိုင်ငံသား၇ဦးကိုပြစ်ဒဏ်များလွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီးရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁ပုဒ်မခွဲ(၁)အရနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကျခံရမည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)