Connect with us

Myanmar

အိမ်မွေးတိရစ္ဆာန်အပါအဝင် ကုန်စည်လိုင်းတချို့ မေလ ၁ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်

ရန်ကုန်မြို့ရှိ အေရှားဝေါဆိပ်ကမ်းအား ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
အိမ်မွေးတိရစ္ဆာန်အပါအဝင် ကုန်စည်လိုင်းတချို့ကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းအဖြစ် မေလ ၁ ရက်နေ့မှစ၍ သတ်မှတ်လိုက်ကြောင်း၊ ယနေ့အထိ တင်သွင်းကုန်စည်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်အဖြစ်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၁ ရက်တွင် ပြောသည်။
“ကုန်စည် ၈၀ ရာခိုင်နှုန်းကျော်ကတော့ လိုင်စင်လျှောက်ထားဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ကုန်စည်တွေကတော့ လတ်တလောမှာ ဖြေလျှော့ပေးထားပါတယ်’’ ဟု ဦးမင်းမင်းက ဆက်ပြောသည်။
ယင်းသတ်မှတ်ချက်အတွင်း အိမ်မွေးတိရစ္ဆာန်အစာ၊ ဆိုးဆေး၊ ဆပ်ပြာကုန်ကြမ်း၊ အရောင်တင်ဆီ၊ အထွေထွေသုံးဓာတုပစ္စည်း၊ သားရေကုန်ကြမ်းပစ္စည်း၊ ဂုန်လျှော်ကြိုး၊ စက်ပစ္စည်းအမျိုးအမျိုး၊ လျှပ်စစ်မော်တာ၊ ဂျင်နရေတာ၊ လျှပ်စစ်ဆိုင်ရာပစ္စည်း စသည့်ကုန်ပစ္စည်းများ အကျုံးဝင်သော ၂၀၁၇ Customs Tariff of Myanmar အရ H.S Code 6 digit ဖြင့် ကုန်စည် ၅၃၆ လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည် ၁၁၃၁ လိုင်းတို့ကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် မေ ၁ ရက်မှ စ၍ ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။
ထိုသို့သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်ပစ္စည်းမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ ခုနှစ် မေ ၁ ရက်မှ စ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“လိုင်စင်လျှောက်ထားဖို့လိုတယ်ဆိုတာက နံပါတ် ၁ ကတော့ ပြည်တွင်းထဲကို ဒီပစ္စည်းက ဘယ်လောက် ဝင်နေတယ်။ ဘယ်လောက်လိုအပ်ချက် ရှိလဲဆိုတာကို စီမံကိန်းတွေရေးဆွဲတဲ့အခါ ကျွန်တော်တို့ ပိုပြီးတိတိကျကျဆောင်ရွက်နိုင်ဖို့အတွက် လုပ်ဆောင်တာဖြစ်ပါတယ်’’ ဟု ဦးမင်းမင်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117