Connect with us

Politics, Law & Military

သန်းနှင့် ချီသော ငွေတုထွက်ရှိဆိုသောသတင်းမှာ ကောလာဟလ သာဖြစ်၊ ဘဏ်စနစ်တည်ငြိမ်မှုရှိပြီး အပ်ငွေ နှင့် ထုတ်ငွေ တွင် အပ်ငွေက ပိုများလာဟု ဆို

တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ် ထားသည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင် ထုတ်ဝေ သောကျပ်တစ်သောင်း တန်ငွေစက္ကူအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သန်းနှင့် ချီသော ငွေစက္ကူအတု ထွက်ရှိသည်ဆိုသော သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အပ်ငွေ နှင့် ထုတ်ငွေ တွင် အပ်ငွေကပိုမိုများလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က ဆင်ဟွာသို့ ယနေ့ မတ် ၁၆ ရက်တွင်ပြောကြားသည်။ဦးဝင်းသော်က “ဘဏ်စနစ်က ရက်အလိုက်၊ ရက်အလိုက် တစ်ရက်ထက်တစ်ရက် ပိုပိုတည်ငြိမ်လာတယ်။ ဒါကြောင့် ကောလာဟလတွေကို မယုံစေချင်ဘူး။ နိုင်ငံတိုင်းမှာ ဒေါ်လာအပါအဝင် ငွေစက္ကူ အတုတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အတုတွေ့ရင် ဖမ်းတယ်။ အရေးယူတယ်။ ထောင်ချတယ်။ အခု လတ်တလောမှာလည်းငွေစက္ကူအတုထုတ်တဲ့ အဖွဲ့တစ်ဖွဲ့ မိထားလို့ ဗဟိုဘဏ်ဥပဒေအရ တရားစွဲပြီး ထောင်ချဖို့ လုပ်ထားတာရှိပါတယ်။အခုမိတာကလည်း ပရင်တာနဲ့ ထုတ်ထားတဲ့ အရည်အသွေးမရှိ တဲ့အတု အဆင့်ပဲရှိပါတယ်။ ငွေစက္ကူအတုကို သန်းနဲ့ချီပြီးအတုထုတ်နိုင်တဲ့အဆင့်လုံးဝမရှိပါဘူး။’’ ဟု ဆိုသည်။

၅,၀၀၀ကျပ် တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် လုံးဝသတ်မှတ်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောထားပြီးဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ငွေအတုက အတုမှန်းသိသာပါတယ်။ ပရင်တာနဲ့ ထုတ်တဲ့အဆင့် ဖြစ်လို့ အတုမှန်းအရမ်းသိသာပါတယ်။ ပြည်သူတွေအနေနဲ့ အဓိပ္ပါယ်မရှိတဲ့ သတင်းတွေကို အနှောက်အယှက်မဖြစ်စေချင်ဘူး။’’ ဟု ဦးဝင်းသော်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117