Politics, Law & Military
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးကို နုတ်ထွက်ခွင့်ပြုပြီး တစ်ဦးကို တာဝန်မှ ရပ်ဆိုင်း
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးကို နုတ်ထွက်ခွင့်ပြုပြီး တစ်ဦးကို တာဝန်မှ ရပ်ဆိုင်းခဲ့ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်သော သမ္မတရုံး၏ အမိန့်စာအရ သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြသိန်းနှင့် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကို ၎င်းတို့၏ ဆန္ဒသဘောအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို ရာထူးတာဝန်မှ ရပ်စဲခဲ့ကြောင်း သိရသည်။(Xinhua)