Politics, Law & Military
ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့ အဝင်/အထွက်ဂိတ်၌ ကျပ်သိန်း ၁၀၀ ကျော်ဖိုး စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့ အဝင်/အထွက်ဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က လူ၊ ယာဉ်ဝင်/ထွက်မှုများအားစစ်ဆေးစဉ် မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုးမောက်ဘက်မှဆိုင်းလီ(ဘ)ဦးဇော်တူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ဒူးကာအတွင်း တိပ်ဖြင့်ပတ်၍ သယ်ဆောင်လာသည့် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအားတရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဒေါ့ဖုန်းယန် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ (Xinhua)