Connect with us

Politics, Law & Military

ကလောမြို့တွင် ငွေကျပ် သိန်း၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ကလောမြို့တွင် ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၀း၃၀နာရီ အချိန် တွင် မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ခရီးသည် စိုင်းစောနှင့် မနန်ခမ်းအောင် တို့၏လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစော(၂၂)နှစ်နှင့် မနန်ခမ်းအောင်(၅၄)နှစ်တို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.