Politics, Law & Military
ကော့သောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက် ခဲယမ်းများဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ကော့သောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်နက် ခဲယမ်းများဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက်က မူးယစ်တပ်ဖွဲ့စု (၃၄) ကော့သောင်းမှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊လရိပ်မြိုင်လမ်း၊ အမှတ်(—) ရှိ ဦး— ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ပြား နှင့် ဘိန်းစာမှုန့် ၁၀ ဂရမ် တို့ကို သိမ်းဆည်းရမိပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချသူ တစ်ရပ်ကွက်တည်းနေဦး— ကိုပါဖမ်းဆီးရမိ၍ စစ်ဆေးချက်အရ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် ၊ မြရည်ပုလဲလမ်း၊ အမှတ် (—)နေ ဦး— ၏နေအိမ်ကို ရှာဖွေရာ အဆိုပါလူမှာ တိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၅ ပြား မူးယစ်ဆေးဝါးရောင်းချရငွေကျပ် ၁၇ သိန်း၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ပစ္စတိုသေနတ် (၁)လက်၊ ကျည် ၁၉ တောင့်တို့ကို သိမ်းဆည်း ရမိသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)