Politics, Law & Military
ကော့သောင်းမြို့နယ်တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် တွင် ဘိန်းစာမှုန့် ၅၉၉.၄၈၉၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်နေ့ ၀၉း၀၀နာရီ အချိန် ကံမော်ကြီးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့နယ်၊ ကံမော်ကြီးရွာအနောက်ဘက် ပင်လယ်ကမ်းစပ်တွင် နေနိုင် ဆိုသူ နှင့်အတူ သစ်သားစက်လှေတစ်စီးကိုတွေ့ရှိ၍ ရှာဖွေရာ လှေထဲရှိ ဆာလာအိတ်များအတွင်း မှ ဘိန်းစာမှုန့် ၅၉၉.၄၈၉၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် နေနိုင်(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)