Politics, Law & Military
ငွေကျပ် ၁၀၅ သန်းကျော် တန်ဖိုးရှိ တရားမဝင် ကုန်စည်များ ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် သိမ်းဆည်း ရမိ

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)
ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် စုစုပေါင်း တားဆီးမှု ကိုးမှုမှ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁ဝ၅ ဒသမ ၇၁၆ သန်းခန့် သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ထိုတားဆီးမှု ကိုးမှုတွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုလေးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝဝ ဒသမ ၄ဝ၈ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၃ဝ၈ သန်းခန့်) တို့ဖြစ်ကြောင်း သိရသည်။ထူးခြားဖမ်းဆီးမှုအနေဖြင့် စက်တင်ဘာ ၁ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် ခရီးသည်တင်ယာဉ် တစ်စီးနှင့်ISUZU GIGA ၁၂ဘီး ယာဉ်တစ်စီးတို့အား စစ်ဆေးခဲ့ရာ ယာဉ်များပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတောက် ခွဲသား ၂ ဒသမ ၄၆၉၆ တန်နှင့် အဆိုပါ ပစ္စည်းများ သယ်ဆောင်သည့် ယာဉ်နှစ်စီး (စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၁ဝဝ ဒသမ ၄ဝ၈ သန်းခန့်) စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)