Politics, Law & Military
ငွေကျပ် ၂၉ သန်းကျော် တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများ ရေပူနှင့်မရမ်းချောင် စစ်ဆေးရေးစခန်းများတွင် သိမ်းဆည်း ရမိ

ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)
ရေပူနှင့်မရမ်းချောင် စစ်ဆေးရေးစခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် ထိုစခန်း နှစ်ခုမှ တားဆီးမှု ၁၂ မှု ၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉ ဒသမ ၅၈၉ သန်းခန့် ကို သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ထိုတားဆီးမှု ၁၂ မှုတွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄ ဒသမ ၈၅၂ သန်းခန့်) နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုခြောက်မှု (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄ ဒသမ ၇၃၇ သန်းခန့်) တို့ပါဝင်ကြောင်း သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)