Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ တရားမဝင်သစ်တန်ချိန် ၉,၀၀၀ ကျော် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ ကနီမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ကောလင်းမြို့နယ်၊ ကသာမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ တမူးမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဝန်းသို မြို့နယ် စသည့် မြို့နယ်များ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တရားမဝင်သစ်တန်ချိန် ၉,၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံး၏ စာရင်း မှတ်တမ်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းခရိုင်တွင် တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်တန်ချိန်ပေါင်း ၉၈ ဒသမ ၄၃၁၈ တန်၊ ရွှေဘိုခရိုင်တွင် တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်တန်ချိန်ပေါင်း ၇၈၂ ဒသမ ၁၇၁၅ တန်၊ မုံရွာခရိုင်တွင် တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ် တန်ချိန်ပေါင်း ၂၃၈၃ ဒသမ ဝ၁၆၇ တန်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်များကို ကသာ ခရိုင်တွင် ၂၈၂၅ ဒသမ ဝ၁၅၉ တန်၊ ကလေးခရိုင်တွင် ၁၉၈၁ ဒသမ ၅၉၃၇ တန်၊ မော်လိုက်ခရိုင်တွင် ၉၄၀ ဒသမ ၅၄၈၂ တန်၊ ခန္တီးခရိုင်တွင် ၂၀၁ ဒသမ ၂၃၈၉ တန်၊ တမူးခရိုင်တွင် ၅၇၉ ဒသမ ၇၅၄၄ တန် စုစုပေါင်း ၉၇၉၁ ဒသမ ၇၇၁၁ တန်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လ ကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်၊ မော်လိုက် ခရိုင်၊ ခန္တီးခရိုင်၊ တမူးခရိုင်တို့တွင် တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်တန်ချိန်ပေါင်း ၉၆၂၂ ဒသမ ၅၂၂၁ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြစ်မှုကျူးလွန် သူ ၇၇၄ ဦး၊ ကား ၃၄၁ စီး၊ လယ်ထွန်စက် ၃၂ စီး၊ ထော်လာဂျီ ၃၅ စီး၊ ဆိုင်ကယ် ၂၀၆ စီး၊ သုံးဘီးဆိုင်ကယ် အစီး ၄၀၊ စက်လှေမော်တော် ၁၁၅ စီး၊ ဆိုက်တွဲ ၂၉ စီး၊ တူမီးသေနတ် ခုနစ်လက်၊ နောက်တွဲယာဉ် ခြောက်စီး၊ သစ်စက် ၂၂၈ စက်၊ ချိန်းဆော ၁၂၃ တို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လကုန်အထိ ပြစ်မှုကျူးလွန်သူ ၉၉၄ ဦး၊ ကား ၅၂၂ စီး၊ လယ်ထွန်စက် အစီး ၂၀၊ ထော်လာဂျီ ၂၄ စီး၊ ကန့်လန့်ဂျီ နှစ်စီး၊ ဆိုင်ကယ် ၁၄၃ စီး၊ သုံးဘီးဆိုင်ကယ် အစီး ၃၀၊ စက်လှေမော်တော် ၈၆ စီး၊ ဘက်ဟိုးတစ်စီး၊ ဆိုက်တွဲ ၃၉ စီး၊ ဆင်လေးကောင်၊ တူမီးသေနတ် ၁၀ လက်၊ နောက်တွဲယာဉ် လေးစီး၊ သစ်စက် ၂၀၃ စက်၊ ချိန်းဆော ၁၀၂ လက်တို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ကြေးမုံသတင်းစာ တွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.