Politics, Law & Military
ဆီဆိုင်မြို့နယ်တွင် ငွေကျပ် ၄၄၄ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ငွေကျပ် ၄၄၄ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ်လ ၁ ရက်နေ့ ၀၄း၃၀ နာရီ တွင် ဘန်းယဉ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နားစေးစောက်ကျေးရွာနေ မောင်မျိုး၏နေအိမ်ကို ရှာဖွေရာ အိပ်ခန်းအတွင်း ရှိ ပီနံအိတ် ၄ အိတ်အတွင်းမှ ဘိန်းစိမ်း ၇၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မောင်မျိုး(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)