Connect with us

Politics, Law & Military

တရားမဝင်သစ် ၁၂ တန်ကျော်အား တောင်ကြီး-ထီလာသွားကားလမ်းပေါ်၌ ဖမ်းဆီး ရမိ

တရားမဝင်သစ်များ သယ်ဆောင်လာသူများအား ဖမ်းဆီး ရမိခဲ့စဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

တောင်ကြီး-ထီလာသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၄/၇)၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ၂၂ ဘီး ယာဉ် တစ်စီး အား ရပ်တန့် ရှာဖွေရာ ပြောင်းဖူးရိုးများ ထည့်ထားသော မြွေရေခွံအိတ်များ၊ ပီပါခွံများဖြင့် ဖုံးအုပ် သယ်ဆောင် လာသည့် တရားမဝင်ပိတောက် သစ်ခွဲသား ၁၀၆ ချောင်း ၊ (၁၂.၁၇၁)တန် တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

တောင်ကြီးဘက်မှ ထီလာဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီး ယာဉ်တစ်စီးအား ဖေဖော်ဝါရီလ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် သစ်တောဦးစီး ဌာနမှ ဝန်ထမ်း များသည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်ရှာဖွေခဲ့ရာ ထိုကဲ့သို့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထိုကြောင့် ယာဉ်အား မောင်းနှင်လာသူ နှင့် ယာဉ်ပေါ် လိုက်ပါလာသူ ၂ ဦးအား ယင်းမာပင် နယ်မြေ ရဲစခန်း (ပ)၈/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.