Politics, Law & Military
တပ်ကုန်းမြို့နယ်၌ ကျည် ၈၂ တောင့်တွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ် ပျော်ရွာကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျည် ၈၂ တောင့်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
အဆိုပါ ကျေးရွာရှိ နေအိမ်ရှေ့တွင် မြေကြီးအတွင်းမှ သံချေးတက်နေသော ရိုင်ဖယ်ကျည် ၇၇ တောင့်၊ စတင်းကျည် ၅ တောင့်၊ စုစုပေါင်း ၈၂ တောင့်အား တွေ့ရှိသဖြင့် တပ်ကုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ပြီး တပ်မတော်သားများထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)