Politics, Law & Military
တပ်မတော်သားကိုယ်စားလှယ် ၈ဦး အစားထိုးပြောင်းလဲ ခန့်အပ်
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၁ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့လွှတ်တော်ရှိ ယခင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဦးကျော်နေရာ၌ နေရာ၌ ဗိုလ်မှူးချုပ် ဇော်ဝင်းအား အစားထိုးခန့်အပ်လိုက်ပြီး အမျိုးသားလွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၇ဦးနေရာကိုလည်း အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်းခဲ့သော တပ်မတော်သား ကိုယ်စားလှယ် ၈ဦးအား အမည်စာရင်းပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲခွင့် ပြုလိုက်ခြင်းဖြစ်သည်။ (Xinhua)