Connect with us

Politics, Law & Military

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားခံနှစ်ဦးကို သေဒဏ်နှင့် ကျန် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်နှင့် ၅ နှစ်စီ အသီးသီးချမှတ်

သေဒဏ်ချမှတ်ခံရသော တရားခံ ကြည်လင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် ပြစ်မှုကျူးလွန်သူများအား ယနေ့ ( ဖေဖော်ဝါရီလ ၁၅ရက်)တွင် အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးက တရားခံနှစ်ဦးကို သေဒဏ်နှင့် ကျန် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်နှင့် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

ရှေ့ နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်း အသတ်ခံရမှုတွင် တရားရုံးက တရားခံ ကြည်လင်းအား ကြိုးမိန့် သေဒဏ်နှင့် ထောင်ဒဏ် (၂၀)နှစ် နှင့် အောင်ဝင်းဇော်အား သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အဆိုပါအမှုတွဲတွင် ပါဝင်သည့် အခြားတရားခံ နှစ်ဦးဖြစ်သော အောင်ဝင်းထွန်းအား ထောင်ဒဏ်၃ နှစ် နှင့် ဇေယျာဖြိုးအား ထောင်ဒဏ် ၅နှစ် အသီးသီး ပြစ်ဒဏ် အမိန့်ချမှတ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ ၁၀၄ကြိမ်မြောက် ရုံးထုတ်ပြီးတွင် တရားခံများအား အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။“ ဥပဒေအရ နည်းလမ်းတကျ တင်ပြလို့ရသေးတဲ့ ရုံးတွေရှိသေးတယ်၊ ဒါကိုတင်ပြမလား မပြမလား ကာယကံရှင်တွေ ဆန္ဒ ကျွန်တော်မသိသေးဘူး” တရားခံများအတွက် အမှုလိုက်ပါပေးနေသူ တစ်ဦးဖြစ်သည့် ရှေ့နေ ဦးကျော်ကျော်ထိုက်က အမိန့်ချမှတ်ပြီးနောက် မီဒီယာများအား ပြောကြားခဲ့သည်။

စက်ရှင်တရားရုံးအမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံဝင်နိုင်တယ်။ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး တရားလို / တရားခံ နှစ်ဖက်စလုံးအနေနဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တက်ရောက် အယူခံခွင့်ရှိကြောင်း မြောက်ပိုင်းခရိုင်တရားရုံး၏ ပြန်ကြားရေးအရာရှိက ပြောကြားသည်။ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ဒီမိုကရေစီ ကူးပြောင်းရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး လေ့လာရေးခရီးစဉ်မှ အပြန် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြင်ပ၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် အငှားယာဉ်မောင်း ကိုနေဝင်းလည်း သေနတ်ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.