Connect with us

Politics, Law & Military

တရားဥပဒေ စိုးမိုးရေး အတွက် မျှတသည့် တရား စီရင်ရေး စံနှုန်းများနှင့် အညီ ရက် ၁၀၀ စီမံချက်တွင် ဆောင်ရွက်မည်

ပြည်ထောင်စု ရှေ့နေချုပ်ရုံး အမှတ်အသားအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရားရုံးများတွင် ရာဇဝတ်မှုခင်းများကို နိုင်ငံတော်ကိုယ်စား လိုက်ပါ ဆောင်ရွက်သည့် အချိန်တွင် မျှတသည့် တရားစီရင်ရေး စံနှုန်းများ (Fair Trial Standards) နှင့်အညီ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေး ရရှိရန် ရက် ၁၀၀ စီမံချက်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဥပဒေရုံးများသည် ပြည်သူအတွက် အကျိုးရှိစေမည့် လုပ်ငန်း ဆောင်ရွက်ချက်များကို မြှင့်တင်၊ ဆက်စပ် နေသည့် အဖွဲ့အစည်းများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူ၏ ယုံကြည်အားကိုးမှု ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဥပဒေအရာရှိများ လာဘ်ပေးလာဘ်ယူကိစ္စရှိ၍ တိုင်ကြားလာပါက စုံစမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး အရေးယူပြီး ဥပဒေအရာရှိများ၏ အပြောအဆို၊ အပြုအမူ၊ လုပ်ငန်းဆောင်ရွက်မှုကြောင့် ကျေနပ်မှု မရှိ၍ တိုင်တန်းမည် ဆိုပါကလည်း တစ်ဆင့်မြင့် ဥပဒေရုံးမှ အဖွဲ့ဖြင့် စိစစ်မည်ဖြစ်ကြောင်း သိရသည်။
တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Justice Sector Reform) တွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် အတူ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရမည့် ဌာနများဖြစ်သည့် တရားရုံး ၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လုပ်ငန်း ဆောင်ရွက်ချက်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရ၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ မူဝါဒများ ပိုမိုခိုင်မာ အားကောင်း လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံး အနေဖြင့် ရက် ၁၀၀ စီမံချက်တွင် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ စိစစ်သည့်ကိစ္စများ၊ စာချုပ် စာတမ်း စိစစ်သည့်ကိစ္စများ၊ ဥပဒေအကြံဉာဏ် ပေးသည့် ကိစ္စများကို လက်ရှိ ဆောင်ရွက်နေဆဲ များအပြင် ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ အစည်းအသီးသီးက ထပ်မံ ပေးပို့လာသည့် ကိစ္စရပ်များကိုလည်း ရက် ၁၀၀ အတွင်း ပြီးပြတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား ဥပဒေကြောင်းအရ အကောင်းဆုံးအကြံပြု နိုင်ရန် ဘာသာရပ်ဆိုင်ရာ သင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက် လေ့လာ သင်ယူစေပြီး ကောင်းမွန်သော အကြံပြုချက် များကို ပေးနိုင်ရန် အထူး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.