Connect with us

Politics, Law & Military

တရုတ်နှင့် မြန်မာ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားမည်ဟု ကတိသစ္စာပြု

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာလ ၁၉ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ နိုဝင်ဘာလ ၁၉ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို ကတိထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပူးတွဲ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံအား အရေးပါသော မိတ်ဖက်အဖြစ် အလေးထားပါကြောင်း ဝမ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ နှစ်နိုင်ငံအကြား စီးပွားရေး စြင်္က ံ တစ်ခု တည်ဆောက်ရေး၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာရေးအတွက် အမှန်တကယ် လိုအပ်ချက်များနှင့် နက်ရှိုင်းသည့် နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် အတူတကွ လုပ်ဆောင်ရန် အသင့်ရှိပါကြောင်း လီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး ဆွေးနွေးနေစဉ်အတွင်း တရုတ်နှင့် မြန်မာသည် တောင်များနှင့် မြစ်များခြင်း ချိတ်ဆက်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ( မြန်မာအခေါ် ညီရင်းအစ်ကို) ဆက်ဆံရေးရှိသော အိမ်နီးချင်းများဖြစ်ပြီး မြန်မာနိုင်ငံသားများ၏ ဆန္ဒအတိုင်း တိုင်းပြည် အုပ်ချုပ်နေသော ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံက အခိုင်အမာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ထိန်းသိမ်းရေး၊ လွတ်လပ်ရေး၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း အခိုင်အမာ ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ ဆက်စပ်သည့် အဖွဲ့အစည်းများအနေဖြင့် “ပင်လုံစိတ်ဓာတ်” အတိုင်း လိုက်လျှောက်ကြရန်နှင့် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအား ဆောလျင်စွာ နားလည်သဘောပေါက်စေရန် မျှော်လင့်ပါကြောင်း ဝမ်က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်ယဉ်ကျေးမှု စင်တာ ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိ မြန်မာနိုင်ငံသားများ အလိုချင်ဆုံးအရာမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါကြောင်း၊ ယင်းအချက်များသည် မြန်မာနိုင်ငံအတွက် အရေးပါဆုံးဖြစ်ပြီး ယင်း ရည်မှန်းချက် ပန်းတိုင်များသို့ ရောက်ရှိရန် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မီးမောင်းထိုး ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ တည်ဆောက်ရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် ယင်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အလွန်ပင် လိုက်ဖက်လှပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက အဆိုပါ စီးပွားရေးစြင်္က ံတွင် ပါဝင်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍများတွင် တရုတ်နိုင်ငံ နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကဏ္ဍ နှစ်ခုလုံးသည် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး လက်ရှိ မြန်မာနိုင်ငံအတွက် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဝမ်ရိက ပြောကြားရာတွင် အဆိုပါ ကိစ္စရပ်မှာ ရှုပ်ထွေးပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ကိုင်တွယ်နိုင်မည်ဟု ၎င်း၏ အမြင်အား ဖော်ပြခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း လိုအပ်သော အခြေအနေများ နှင့် ကိစ္စရပ်များ အခြေကျရန်အတွက် အထောက်အကူဖြစ်စေမည့် ဝန်းကျင် တစ်ခု ဖန်တီး လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် ယင်း အရေးကိစ္စ အခြေကျနိုင်စေရေး ဖြေရှင်းနည်း အကြံပြုချက် သုံးရပ်အား တရုတ်နိုင်ငံ က အဆိုပြုကြောင်း တရုတ်နိုင်ငံခြားရေး ဝမ်ရိက ဖော်ပြခဲ့သည်။

ယင်း အကြံပြုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူကြောင်းနှင့် ရခိုင်အရေးအပေါ် တရုတ်နိုင်ငံ၏ နားလည်မှုအား တန်ဖိုးထားပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် လျင်မြန်စွာ အခြေကျနိုင်ရေး အတွက် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပါရန် မျှော်လင့်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် သဘောတူလက်မှတ်များ ဖလှယ်ခြင်းနှင့် တရုတ် ယဉ်ကျေးမှုစင်တာ ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.