Politics, Law & Military
တိုင်းဒေသကြီး/ပြည်နယ် အလိုက် လောင်းကစားမှုပေါင်း ၂၄၀ ကျော် အနက် ရန်ကုန်တိုင်းဒေသကြီး အတွင်း အများဆုံး နိုဝင်ဘာလ အတွင်း ဖမ်းဆီးရမိ

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)
နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် နိုဝင်ဘာလ အတွင်း လောင်းကစားမှုပေါင်း ၂၄၄ မှု ဖမ်းဆီးရမိမှုများ အနက် ရန်ကုန်တိုင်းဒေသကြီး အတွင်း အများဆုံး အဖြစ် ၇၄ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
လောင်းကစားမှု ဖမ်းဆီးရမိမှုများ အနက် နှစ်လုံးထီမှုမှာ အများဆုံး ဖြစ်ပြီး အမှု ၁၂၈ မှု ရှိကာ လောင်းကြေးငွေကျပ် ၈,၉၁၆,၂၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း နှစ်လုံးထီ ၊ ချဲထီ ၊ ဖဲ ၊ ဂျင် နှင့် အခြား စုစုပေါင်း လောင်းကစားမှု ၂၄၄ မှုမှ တရားခံ ၅၃၆ ဦး ၊ လောင်းကြေးငွေ ၁၉,၈၆၃,၆၀၀ ကျပ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။(Xinhua)