Connect with us

Politics, Law & Military

သီပေါမြို့နှင့် မန်တုံမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိ

ရှမ်းပြည်နယ်အရှေ့မြောက်၌ တိုက်ပွဲများဖြစ်ပွားရာပြမြေပုံ(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

သီပေါမြို့နှင့် မန်တုံမြို့နယ်များရှိ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများသို့ စစ်ဘေးရှောင်ပြည်သူများ ထပ်မံရောက်ရှိလာကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ်အရှေ့မြောက်၌ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ စစ်ဘေးရှောင်ပြည်သူများ များပြားလာပြီး သီပေါမြို့ မန်တောင်းကျေးရွာ အခြေခံမူလတန်းကျောင်း (ခွဲ) ၌ အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၂၀ဦး စစ်ဘေးရှောင်လျက်ရှိသည်။

နမ္မတူမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ မန်တုံမြို့နယ် မော်ထိုက်၊ နားလေ၊ နမ့်ဟူနှင့် နမ့်ဟိုင်း ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူများ ထပ်မံရောက်ရှိလာခဲ့ရာ ရွှေမြင်သာဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အိမ်ထောင်စု ၇ စု၊ လူဦးရေ ၁၈ ဦး၊ လီဆူ ဘုရားကျောင်းတွင် အိမ်ထောင်စု ၁ စု၊ လူဦးရေ ၂ ဦး၊ ရိုမန် ကတ်သလစ် ဘုရားကျောင်းတွင် အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦး၊ ကချင်နှစ်ချင်းကျောင်းတွင် အိမ်ထောင်စု ၂ စု၊ လူဦးရေ ၇ ဦး တို့ စစ်ဘေးရှောင် တည်းခိုလျက်ရှိသည်။

မူဆယ်မြို့ မြောက်ရပ်ကွက်၊ မဟာဝန်မြောက်ကျောင်းတွင် ၇၀၅ဦး၊ တောင်ရပ်ကွက် ဇေတဝန်ကမ္မဌာန်း ကျောင်းတွင် ၁၁၄၅ဦး၊ ဟိုမွန်ရပ်ကွက် ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းတွင် ၁၅၃ဦး၊ စွမ်စော်ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်တွင် ၈၂၂ဦးနှင့် နမ့်ခွမ်ရွာ ဘုန်းကြီးကျောင်းတွင် ၅၁၉ဦး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၂၀၀ အား အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်းများတွင် ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.