Politics, Law & Military
တောင်ကြီးမြို့၌ မီးပုံးပျံလွှတ်တင်စဉ် ယမ်းခွေပျက်ကျ၍ လူ နှစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ အဝေရာသာယာကုန်းကွင်း၌ နိုဝင်ဘာလ ၁၄ ရက် ညပိုင်း၌ မီးပုံးပျံလွှတ်တင်စဉ် ပျက်ကျ၍ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဓါတ်ခဲ အမည်ရှိ ညမီးကြီးမီးပုံးပျံ ယမ်းပိဿာချိန် ၄၀ အား လွှတ်တင်ခဲ့ရာ အမြင့် ၁၅၀ ပေခန့်၌ မီးပုံးပျံနှင့် ယမ်းခွေထိန်းထားသော ချုပ်ကြိုး ပျက်ကျခဲ့သဖြင့် ပွဲခင်းအတွင်း ကြည့်နေသူ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးသည် မျက်နှာ/လက်/ပေါင်တို့တွင် ယမ်းထိမှန်ဒဏ်ရာများ (စိုးရိမ်ရ)နှင့် ကျန်တစ်ဦးသည် ဝဲခြေထောက် ယမ်းထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့၍ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။(Xinhua)