Politics, Law & Military
ထိုင်း လိုဏ်ဂူအတွင်း ပိတ်မိနေသော လူငယ်များအားကူညီရန် မြန်မာနိုင်ငံ ပြင်ဆင်
ရန်ကုန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)
မြန်မာ-ထိုင်း နယ်စပ် ၊ မယ်ဆိုင်မြို့အနီး လိုဏ်ဂူအတွင်းတွင် ဇွန်လ ၂၃ ရက်နေ့ကတည်းက ဝင်ရောက်သွားခဲ့ပြီး ပြန်လည်ထွက်ခွာလာခြင်း မရှိသေးသည့် လူငယ် ၁၃ ဦးများအား ကယ်ဆယ်ရန် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းပါဝင် ကူညီနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီနိုင်ရေး ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်း လူငယ်(၁၃)ဦးကို ကယ်ဆယ်ရန် မြန်မာနိုင်ငံဘက်ရှိ နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံ နှင့် ဆက်သွယ်နိုင်သည့် မြေအောက် လှိုဏ်ဂူ ဂယ်ပေါက်၊ ထွက်ပေါက်များ ရှိ၊ မရှိ နှင့် ရှိပါက အဆိုပါ ထွက်ပေါက်များတွင် သွားရောက် လေ့လာစောင့်ကြည့်ပေးရေး တာဝန်ရှိသူများ က နှိုးဆော်ထားရှိကြောင်း သိရသည်။
ထို့အပြင် တာချီလိတ်ခရိုင်ရှိ မြန်မာ-ထိုင်း နယ်ခြားကော်မတီက ထိုင်းနိုင်ငံ ရှိ နယ်ခြားကော်မတီ (TBC ) အဖွဲ့ထံသို့ ထိုင်းကလေးငယ် ၁၃ဦး ဖြစ်စဉ် အတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနိုင်ရန် အသင့်ရှိနေသည်ကို ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)