Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံသို့ သွားမည်

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အပတ်အတွင်း ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်ခရီးအဖြစ်သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။
ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုး၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံသို့ မကြာမီအတွင်း သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌနှင် ဝန်ကြီးတို့၏ ဖိတ်ကြားချက်ကြောင့်လည်း ဆွီဒင်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။(Xinhua)