Connect with us

Politics, Law & Military

အမြန်လမ်း၌ ဖြတ်သန်းသည့် ယာဉ်များ အားလုံး ခါးပတ်မပတ်ပါက အရေးယူမည်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် အသိပညာပေးကာလဆောင်ရွက်စဉ် (ဓာတ်ပုံ-- Yangon-Mandalay Expressway)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြု ကာ မောင်းနှင်သွားလာကြသည့် မော်တော်ယာဉ်များအားလုံးကို ပညာ ပေးအစီအစဉ်များ ပြုလုပ် ထားပြီးဖြစ်ခြင်း ကြောင့် ထိုင်ခုံခါးပတ် မပတ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေးဆောင် ရန် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊မန္တလေးနှင့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများတွင် ထိုင်ခုံခါးပတ် တပ်ဆင်ခြင်း ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိပြီးစည်းကမ်း လိုက်နာမှု မရှိသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ သုံး သောင်းကျပ်ဖြင့် အရေးယူ မှုများ ပြုလုပ် နေသော်လည်း အမြန်လမ်းတွင် တိုးဂိတ်များ၌သာ စစ်ဆေးပေးနိုင် မည် ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ ပါက အသက်အန္တရာယ် ထိခိုက်မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်ရေး အတွက် ထိုင်ခုံခါးပတ်များ ပတ်ထားမှု ရှိမရှိကို ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုက်နာခြင်းမရှိသည့် မော်တော် ယာဉ်များသည် သက်ဆိုင်ရာမြို့နယ်များရှိ တရားရုံးများတွင် ဒဏ်ငွေများပေးဆောင် ရမည်ဖြစ်ပြီး အမြန်လမ်းတွင် မတော်တဆ ယာဉ်တိမ်းမှောက်ခြင်းများ မကြာ ခဏဖြစ်ပွားမှုအတွက် အသိ ပညာပေး လုပ်ငန်းများကိုလည်း ဆက်တိုက်ပြုလုပ် ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.