Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးတွင် ၅၄,၆၇၆ မဲဖြင့် အနိုင်ရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် နတ်စင်ကုန်း မဲဆန္ဒနယ်သို့ နိုဝင်ဘာလ ၈ ရက်နေ့က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူး မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက် ထောက်ခံမဲ ၅၄,၆၇၆ မဲဖြင့် အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ နံနက်တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၆၁) နေရာ၏ အမည်စာရင်း ကြေညာရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က (၅၆) နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ၃ နေရာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ပါတီက ၂ နေရာ အနိုင်ရခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မဲရလဒ်များကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-UEC)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားဒေသ နေရာများအတွက် ၈၀.၆၂၁ ရာခိုင်နှုန်း အနိုင်ရထားကြောင်း ကော့မှူး ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ကော့မှူး မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်ဇင်ဟိန်းသည် ၁၅,၃၁၂ မဲ၊ အမျိုးသား တိုးတက်ရေးပါတီမှ ဒေါ်ယုယုခိုင်သည် ၅၁၅ မဲ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးညီညီဝင်းသည် ၅၁၃ မဲနှင့် ခေတ်သစ် ပြည်သူ့ပါတီမှ ဒေါ်ရီရီစံသည် ၂၉၃ မဲ ရရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်က မဲအပြတ်အသတ်နှင့် ကောမှူး မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၇၅ ရာခိုင်နှုန်း အနိုင်ရရှိရန် မျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.