Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် အား မစ္စတာ တိုနီဘလဲ လာရောက် တွေ့ဆုံ
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲအား ယနေ့ဇန်နဝါရီလ ၇ ရက်နေ့၊ နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် (I-12)၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NLD Chairperson မှ တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)