Connect with us

Politics, Law & Military

နိုင်ငံတကာ အဆင့်မီ သတင်းအချက်အလက် ဗဟိုဌာန တည်ဆောက်မည်

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် အစည်းအဝေး ခန်းမသို့  ကြွလှမ်းလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပမာဏ အလွန် ကြီးမား များပြားသော အီလက်ထရွန်းနစ် သတင်းအချက်အလက်များ၊ Online services များ၊ Database များကို သိမ်းဆည်းထားသည့် Computer, Server, Cloud computing infrastructure, Storage များနှင့် Network Device, Security Device များအား တစ်နေရာတည်း တွင် စုစည်းထားရှိသော နိုင်ငံတကာ အဆင့်မီ သတင်းအချက်အလက် ဗဟိုဌာနကြီး တစ်ခုကို နေပြည်တော်တွင် မကြာမီ တည်ဆောက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောခဲ့သည်။

“Data Center တစ်ခုရဲ့ ဝန်ဆောင်မှုတွေက အလွန်ကြီးမား များပြားတဲ့ အီလက်ထရွန်းနစ် သတင်း အချက်အလက်တွေ ကို သိမ်းပေးထားရုံသက်သက် မဟုတ်ပါ၊ အဲဒီအချက်အလက်တွေ စီးဆင်း ဖလှယ်မှုကို အဓိက ဆောင်ရွက်ပေးမှာလည်း ဖြစ်ပါတယ်၊ ဒေတာ စင်တာမှာ IT Device တွေ၊ Power Supply စနစ်တွေ၊ Environmental Control စနစ်တွေ၊ Network စနစ်တွေ၊ security Cyber စနစ်တွေကို တပ်ဆင်ထားရှိပါတယ်၊ နိုင်ငံတော်ရဲ့အရေးကြီး သတင်းအချက်အလက်များ လုံခြုံဖို့ Cyber Security လုပ်ငန်းတွေ လိုအပ်ပါတယ်၊ နည်းပညာနဲ့ အကာအကွယ်ပြုရမှာ ဖြစ်ပြီး ဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

တည်ဆောက်မည့် Data center ပုံစံငယ်ကို တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်ရဲ့ အရေးကြီး သတင်းအချက်အလက်များ လုံခြုံရန် အဆိုပါ eGIDC (e-Government Integrated Data Center) တွင် Network နှင့် Data Security စနစ်များ ပြည့်စုံစွာ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပေါင်းစပ် စုစည်းထားသော IDC(Integrated Data Center) တည်ဆောက်၍ ဝန်ဆောင်မှု ပေးခြင်းဖြင့် ရေရှည်တွင် ကုန်ကျစရိတ်များ သိသာစွာ သက်သာလာ မည် ဖြစ်ကြောင်း၊ လက်ရှိ၌ အစိုးရဌာနများတွင် ကိုယ်ပိုင် server များ၊ Switch များ ထားရှိနိုင်ရန် ကိုယ်ပိုင် Data Center/ Service Room စုစုပေါင်း ၈၀ ခန့် သီးခြားစီ တည်ဆောက် အသုံးပြုနေ သော်လည်း အများစုမှာ Data Center Standard (Tier) ပြည့်မီမှု မရှိကြောင်း၊ ထိုသို့ အဆင့်မမီ သော Data center ငယ်များ သီးခြား တည်ဆောက် အသုံးပြုနေခြင်းသည် တိုင်းပြည်၏ ဘဏ္ဍာ ငွေကို ပိုမို ကုန်ကျစေကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာ အဆင့်မီ Data Center အား Tier – 3 အဆင့် တည်ဆောက်၍ အစိုးရဌာနအားလုံး စုပေါင်း မျှဝေ အသုံးပြုသွားခြင်းးဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အသုံးပြုမှုကို လျော့ကျစေနိုင်ကြောင်း၊ eGIDC အား စီမံခန့်ခွဲရန်၊ လုပ်ငန်းများ ကောင်းစွာ လည်ပတ် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ဆောင်မှုများ အချိန်ပြည့် ပေးနိုင်ရန် ကျွမ်းကျင်ဝန်ထမ်း ၄၆ ဦး လိုအပ် ကြောင်း၊ ထိုဝန်ထမ်းများအတွက် ပြည်တွင်းပြည်ပ သင်တန်းများ ပို့ချသွားမည့် အစီအစဉ်များလည်း ယခု စီမံကိန်းတွင် ပါဝင်ကြောင်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ eGIDC တည်ဆောက်ရေး စီမံကိန်းအတွက် ကိုရီးယား သမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ(EDCF:- Economic Development Cooperation Fund) မှ အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ချေးငွေ ရယူရေးနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေ စာချုပ်အတွက် ဆောင်ရွက် ခြင်းများ၊ ချေးငွေ ထုတ်ယူ သုံးစွဲမှု အပေါ် စောင့်ကြည့် ကြပ်မတ် ဆောင်ရွက်ခြင်းများ၊ ချေးငွေ အတိုး အရင်း ပေးဆပ်မှုများအတွက် ကြပ်မတ် ဆောင်ရွက်ခြင်းများကို ပြန်လည် ရှင်းလင်း တင်ပြ အပြီးတွင် အဆိုပါ ချေးငွေ ရယူပြီး စီမံကိန်းအား ဆောင်ရွက်ရန် ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.