Politics, Law & Military
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ သုံးရက်ကြာ ကျင်းပမည်
ရန်ကုန်၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)
အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေး ပွဲကို သြဂုတ် ၂၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးနှင့် ဦးဇော်ဌေး တို့က ဆွေးနွေးမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် လက်ရှိ အခြေအနေများကို ရှင်းလင်းခြင်း၊ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး နှင့်စပ်လျဉ်း၍ တက်ရောက် လာကြ သူများက အမြင်ချင်းဖလှယ်ဆွေးနွေးကြခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ယနေ့ကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင် များနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက် ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၉ရက် မှ သြဂုတ် ၃၁ရက်နေ့ထိ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ စားပွဲဝိုင်းဆွေးနွေးပွဲခြင်းကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)