Politics, Law & Military
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၉၀၀ ကျော်တန်ဖိုးရှိ ဆာလဖျူရစ်အက်ဆစ်များ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉၀၉ .၂၁၈ သိန်း တန်ဖိုးရှိ ဆာလဖျူရစ်အက်စစ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ် ၅ ရက်နေ့ ၁၃း၃၀ နာရီ အချိန် တွင် အကောက်ခွန်ဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်၊ ကုန်းဘောကျေးရွာအနီး မန္တလေး-လားရှိုးကားလမ်းဘေးရှိ နန်းဒါယန်း၏ ကျော်ထွန်း စက်သုံးဆီဆိုင်အနောက်ဘက်၌ ရပ်ထားသည့် ၁၀ ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိ ပလတ်စတစ်ပေပါ ၅၀ လုံး အတွင်းမှ ဆာလဖျူရစ်အက်စစ် ၁၁,၃၆၅ .၂၂၅ လီတာ သိမ်းဆည်းရမိခဲ့သဖြင့် နန်းဒါယန်း (၄၀)နှစ်အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ (Xinhua)