Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များမှ ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အဦများ ကို ရပ်ထား ခြင်းမရှိဟုရန်ကုန်မြို့တော်ဝန်ဆို

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အဦများ

ကိုရပ်ထားခြင်းမရှိကြောင်းရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေး (ဒသမနေ့) တွင်တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်း၏“ရန်ကုန်တိုင်းဒေသကြီး

အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အဦများ ရပ်ဆိုင်းထားသည်ကို ပြန်လည်စိစစ်၍ ခွင့်ပြုသင့်သည်များကိုဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက် ပေးမည်ဖြစ်ကြာင်း ၊မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်” ကို

သိရှိလိုကြောင်းမေးခွန်းနှင့်ပတ်သက်ပြီးရန်ကုန်မြို့တော်ဝန်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်း အဆောက်အဦ ၁၂ လုံးလောက်ပဲရှိပါတယ်အကူးအပြောင်းကာလအတွင်းမှာ ဒီ(၁၂)လုံးဟာ အရင်ကချမှတ်ထားတဲ့ ခွင့်ပြုချက်များနဲ့ အညီ ဆက်လက်ဆောက်လုပ်ခြင်းရှိမရှိကို ပြန်စစ်ဖို့အတွက်ခတ္တရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ရပ်ဆိုင်းထားတဲ့ အဆောက်အဦတွေကို မြို့တော်အင်္ဂါရပ်နဲ့အညီအဆောက်အဦများဆောက်လုပ်မှုစစ်ဆေးရေးကော်မတီမှလက်ရှိတည်ဆဲလုပ်

ထုံးလုပ်နည်းများများနှင့် အညီ ပြန်လည်စိစစ်ပြီးတော့ များမကြာခင်မှာပဲ ၇.၁၁.၂၀၁၆ရက်နေ့က စပြီးတော့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့လဲ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့မြို့နယ်များမှာဆောက်လုပ်ဆဲအဆောက်အဦတွေကို ရပ်ထားတာမရှိပါဘူး။ ဒါကြောင့်မို့ အားလုံးကို ကျနော်တို့အမြန်ဆုံးပြန်လည်စိစစ်ပြီးတော့ချထားပေးလျက်ရှိပါကြောင်းပြန်လည်ဖြေကြားအပ်ပါတယ်။”ဟုရန်ကုန်မြို့တော်ဝန်ကပြော သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း အထူးသဖြင့် အထပ်မြင့်အဆောက်အဦများအား လက်ရှိတည်ဆဲလုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရန် (၁၄.၅.၂၀၁၆) ရက်နေ့တွင် လုပ်ငန်းများခေတ္တရပ်ဆိုင်းထားခဲ့ပြီး နိုင်ငံပိုင်သတင်းစာများတွင်ထည့်သွင်း ကြေညာခဲ့ကာ(၇.၁၁.၂၀၁၆)ရက်နေ့မှစတင်ပြီးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၎င်းကဆက်လက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.