Politics, Law & Military
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် ဂီနီသမ္မတနိုင်ငံ တို့အကြား သံတမန်အဆက်အသွယ် ထူထောင်

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဂီနီသမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ် ထူထောင်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ဇွန် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဂီနီသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၂၀ နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင် သည့် နိုင်ငံ ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် ဂီနီသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ် ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းများနှင့်အညီ နှစ်နိုင်ငံံအကြား သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဂီနီအမြဲတမ်းကိုယ်စားလှယ်တို့သည် ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။(Xinhua)