Politics, Law & Military
ပြည်မြို့တွင် တရားမဝင်ပိတောက် ခွဲသား (၁၃၃)ချောင်း ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တုံးရေကြိုးဝိုင်း၊ အကွက်အမှတ်(၁၉) အတွင်းနေရာ၌ မေလ ၂၃ ရက်တွင် တရားမဝင်ပိတောက် ခွဲသား (၁၃၃)ချောင်း အလေးချိန်အားဖြင့် (၂၀.၆၆၂၂)တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။
အဆိုပါဖမ်းဆီးရမိသော တရားမဝင်သစ်များနှင့် ပတ်သက်သော ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။(Xinhua)