Connect with us

Politics, Law & Military

ဖိလစ်ပိုင် နိုင်ငံ သမ္မတဒူတာတေး မြန်မာနိုင်ငံ အကြီးအကဲများထံ လာရောက်တွေ့ဆုံ

သမ္မတ နှစ်ပါး ရှေ့ မှောက်တွင် သက်ဆိုင်ရာ နှစ်ဘက် ၀န်ကြီးများ MoU ရေးထိုးကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတ H.E. Mr. Hodrigo Roa Duterte နှင့် အဖွဲ့ဝင် ၁၀ ဦးတို့သည် ယမန်နေ့ညနေတွင် နေပြည်တော်သို့ရောက်ရှိခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ သမ္မတ ဦးထင်ကျော်နှင့်လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းကောင်း၊ ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံစဉ် ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အစားအစာ လုံခြုံရေးနှင့် စိုက်ပျိုးရေး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြရာ မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ စိုက်ပျိုးရေးဌာန အတွင်းဝန် Mr. Emmanuelf Pinal တို့က သမ္မတနှစ်ပါး ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် H.E. Mr. Hodrigo Roa Duterte နှင့် အဖွဲ့သည် အိမ်တော်၌ပင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ရခိုင်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေ ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဒေသနှင့် ကိုက်ညီသည့် စပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် ရေးနှင့် နည်းပညာ အကူအညီပေးရေး၊ ရခိုင်ပြည်နယ် အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး တို့အားတွေ့စဉ်( ဆင်ဟွာ)

အလားတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် ဆွေးနွေး ကြသည်။တွေ့ဆုံပွဲအပြီးတွင် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံသမ္မတ H.E. Mr. Hodrigo Roa Duterte နှင့် မြန်မာနိုင်ငံ သမ္မတ တို့ ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည် စစ်ဆေးစဉ် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး တို့အားတွေ့စဉ်( ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး တို့အားတွေ့စဉ်( ဓါတ်ပုံ- Senior General Min Aung Hlaing facebook )

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ စိုက်-မွေး-ဆည် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖိလစ်ပိုင်သမ္မတ မစ္စတာ ဒူတာတေးသည် ညနေပိုင်းတွင် ၎င်း တည်းခိုရာ The Lake View Hotel ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံခဲ့ပြီး ညပိုင်းတွင် နိုင်ငံတော် သမ္မတက တည်းခင်းသည့် ညစာစားပွဲ့သို့တက်ရောက်မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.