Connect with us

Politics, Law & Military

မစ္စရန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်းအဆို အတည်ပြု

မစ္စရန်ဟီလီအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။

အိမ်မဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ဇူလိုင် ၂၄ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုပါ အရေးကြီး အဆိုအား ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့ လွှတ်တော် နှစ်ဦး အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ညနေတွင် ထုတ်ပြန်ခဲ့သည့် မစ္စရန်ဟီလီ၏ သတင်းထုတ်ပြန် ချက်သည် အခြအနေမှန်များနှင့် ကွဲလွဲနေပြီး အခြေအမြစ်မရှိကြောင်း၊ အဆိုးမြင် ပြောကြားချက်များ ဖြစ်ကြောင်း၊ တရားမျှတမှု မရှိကြောင်း၊ ရင့်ကျက်မှု မရှိဘဲ ဘက်လိုက်မှုများ ရှိကြောင်း၊ မှားယွင်းသော အချက်အလက်များ ပါဝင်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားရာ ရောက်နေ ကြောင်း၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ပဋိပက္ခ ဖြေရှင်းရေးတို့အတွက် အပြုသဘော မဆောင် ကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ ဆောင်ရွက်ချက်များကို လျစ်လျူရှုထားကြောင်း၊ အသိအမှတ်ပြုမထား ကြောင်း၊ မှားယွင်းသော အချက်အလက်များပါသော တစ်ခြမ်းပဲ့ အစီရင်ခံစာသာ ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်ကို မည်သို့မျျှ အကျိုး မပြုပါကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင် က လွှတ်တော်သို့ ၎င်း၏ သဘောထား တင်ပြနေစဉ် (ဆင်ဟ ွာ)

မစ္စရန်ဟီလီရဲ့ သတင်း ထုတ်ပြန်ချက်ဟာ အပြုသဘော မဆောင်ကြောင်း၊ ယေဘုယျ ဆန်သော စွပ်စွဲချက်များသာ ဖြစ်ကြောင်း မစ္စရန်ဟီလီ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ ဆဋ္ဌမမြောက် ခရီးစဉ်ဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် တတိယမြောက် ခရီးစဉ်ဖြစ်ကြောင်း၊ ၎င်း၏ သတင်း ထုတ်ပြန်ချက်များသည် မည်သည့် ခရီးစဉ်မှာမျှ မြန်မာနိုင်ငံ အတွက် ကောင်းမွန်သော အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ခရီးစဉ် တစ်ခုထက် တစ်ခု ပိုပြီး ဆိုးလာကြောင်း၊ မိမိတို့ ပြည်ခိုင်ဖြိုး ပါတီ သည် ယခုအချိန်တွင် အတိုက်အခံ ဖြစ်သော်လည်း ယခု ကိစ္စသည် အမျိုးသား အကျိုးစီးပွားနှင့် ပတ်သက်နေသောကြောင့် မိမိတို့အနေဖြင့် တည်ဆဲ အစိုးရဘက်မှ ရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းကင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုး ပါတီဝင် ဦးမောင်မြင့်က ထောက်ပြ ဆွေးနွေးခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ်များကလည်း မစ္စရန်ဟီလီသည် အမှန်တရားကို မျက်ကွယ်ပြုပြီး အချက်အလက် အမှားများကို ထုတ်ပြန်ခဲ့ကြောင်း ထောက်ပြ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်က “ဒီ သတင်းထုတ်ပြန်ချက်ဟာ အပြုသဘောထက် အပြစ်ရှာမှုသာ ဖြစ်တယ်၊ ဓမ္မဓိဌာန်လည်း မကျသလို မျှတ မှန်ကန်မှု တိကျမှုလည်း မရှိတဲ့အတွက် ဟန်ချက်ညီမျှမှု ကင်းမဲ့ပြီး ဘက်လိုက်မှုတွေ ရှိနေတယ် လို့ သုံးသပ်ရပါတယ်၊ ဒီလို ပြစ်တင် ဝေဖန် ရှုတ်ချတဲ့ နည်းလမ်းအစား လူ့ အခွင့်အရေးအတွက် အားသွန် ခွန်စိုက် ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်ပါ တယ်၊ မစ္စရန်ဟီလီရဲ့ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို လှိုက်လှဲစွာ ကြိုဆို ထောက်ခံပါတယ်” ဟု ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်က တစ်ညီတစ်ညွတ် တည်း သဘောတူကြသဖြင့် ၎င်းအဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.