Politics, Law & Military
မောင်တောမြို့တွင် ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
မောင်တောမြို့တွင် ငွေကျပ် ၉,၇၅၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ ၁၇၁၅ အချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မောင်တောမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ အမှတ်(၅)ရပ်ကွက် လမ်းမပေါ်တွင် ညီညီ မောင်းနှင်လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏ရှေ့ခန်းရှိ ဆာလာအိတ်နှစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၈၇,၅၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ညီညီ(၂၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)