Politics, Law & Military
မောင်တောမြို့နယ် ၌ ရာ အိမ် မှူး ဟောင်း တစ် ဦး ပျောက်ဆုံး လျက်ရှိကြောင်း သတင်းထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ၃ ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် နယ်မြေ ၃ ရဲအောင် ချောင်းကျေးရွာနေ ပုစွန်ကန်လုပ်ငန်း လုပ်ကိုင်သူ ရာအိမ်မှူးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်အား ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် လူလေးဦးက ပုစွန်ကန်အား လာရောက် ဝယ် ယူခြင်း ဖြစ်ကြောင်းနှင့် လိုက်ခဲ့ရန် နေအိမ်မှခေါ်ဆောင်သွားကြောင်း သိရသည်။
ဖွေယာ(ခ)ဖွေယာဇူဟောက်သည် ဇန်နဝါရီ ၁၅ရက် မွန်းလွဲ ၂နာရီ ၂၅မိနစ်အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏ဇနီး မအာဇီတာ(ခ)အာတူ မက်ချ်က တောင်ပြိုနယ်မြေရဲစခန်းသို့ လာရောက် အမှုဖွင့်တိုင်တန်း ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)