Politics, Law & Military
မောင်တောမြို့၌ ယနေ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂရုံး ပြစ်တင်ရှုတ်ချ
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား ယနေ့ သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်သမားများ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး(ရန်ကုန်)က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်သေဆုံးသူများ၏ မိသားစုဝင်များအား ဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး သက်သာလာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအနေဖြင့် ဖြစ်ရပ်နှင့် သက်ဆိုင်သည့် ဖက်အားလုံးအား အကြမ်းဖက်မှုများရှောင်ကြဉ်ရန်၊ ထိုဒေသတွင်း နေထိုင်ကြသူများအား ကာကွယ်နိုင်ရန် အတွက် ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များအား လိုက်နာ၍ တွေ့ဆုံဆွေးနွေးမှုများ နှင့် ငြိမ်းချမ်းသော နည်းလမ်းများ ဖြင့်ဖြေရှင်းရန် ကြေညာချက်တွင် ဖော်ပြထားသည်။
ယနေ့ အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ကင်းစခန်းပေါင်း ၃၀ ခု တိုက်ခိုက်ခံရပြီး
တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၁ဦး ကျဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၁ဦးတွင် ၃ဦး စိုးရိမ်ရပြီး ဆုံးရှုံးလက်နက် ၆ လက် အကြမ်းဖက်သမားများထံ ပါရှိကြောင်းသိရသည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပြန်လှန်တိုက်ခိုက်မှုကြောင့် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်းရရှိကာ အရှင်တစ်ဦးဖမ်းမိထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။(Xinhua)