Connect with us

Politics, Law & Military

အိန္ဒိယနိုင်ငံနှင့် ပဲရောင်းဝယ်မှု ဆိုင်ရာ MoU ကို အစိုးရချင်း လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်မည်


နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

လတ်တလော ဖြစ်ပေါ်နေသည့် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရေး အခက်အခဲများကို ပြေလည်စေရန် နှစ်နိုင်ငံ အစိုးရချင်း Government to Government နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ပြောကြားခဲ့သည်။

“ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းမှု ပမာဏ ကန့်သတ်တဲ့ မူဝါဒကို ဖြေလျှော့ ဆောင်ရွက်ပေးနိုင်ဖို့ နှစ်ဘက် ညှိနှိုင်း ဆွေးနွေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်တဲ့ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ဖွဲ့ပါမယ်၊ အဲဒီအဖွဲ့က မြန်မာနိုင်ငံမှ ပဲတွေ တင်ပို့နိုင်ရေး ညှိနှိုင်း ဆောင် ရွက်သွားမှာ ဖြစ်သလို အိန္ဒိယနိုင်ငံနဲ့ ပဲရောင်းဝယ်မှုဆိုင်ရာ MoU ကို G to G လက်မှတ် ရေးထိုး နိုင်ရေးကို လည်း ဆောင်ရွက်သွားပါမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးရုံး တွင် ယနေ့နံနက် ပြုလုပ်သည့် အိန္ဒိယနိုင်ငံ သွင်းကုန် မူဝါဒ ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ပဲမျိုးစုံ ကဏ္ဍ အလိုက် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး တွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံနှင့် ပဲရောင်းဝယ်မှု ဆိုင်ရာ MoU အစည်းအဝေးပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၇ သြဂုတ်လ ၅ ရက်နေ့တွင် ပဲစဉ်းငုံ တင်သွင်းမှုကို တစ်နှစ် တင်သွင်းခွင့် ပမာဏကို တန်ချိန် နှစ်သိန်းခန့် ဟုလည်းကောင်း၊ ၂၁ – ၈ – ၂၀၁၇ နေ့မှာ မတ်ပဲနှင့် ပဲတီစိမ်း တင်သွင်းမှုအား တစ်နှစ်တင်သွင်းမှု ပမာဏ တန်ချိန် သုံးသိန်းခန့် ဟုလည်းကောင်း ကန့်သတ်လိုက်ပြီး သွင်းကုန် မူဝါဒ ပြောင်းလဲလိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ စိုက်ပျိုးသူများ အကြား စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေခြင်းကို အားလုံး ပူးပေါင်း ဖြေရှင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ကြီးမှူးပြီး အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။ (Xihua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.