Politics, Law & Military
မြန်မာနိုင်ငံသို့ နီပေါ နိုင်ငံ သမ္မတ ချစ်ကြည်ရေး ခရီး လာရောက်မည်

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံသို့ နီပေါ နိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီသည် ချစ်ကြည်ရေး ခရီး လာရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)