Connect with us

Politics, Law & Military

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ၊ အာရှနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်မှု ဆက်ဆံရေး တိုးမြှင့်ရေး အာရုံစိုက် ဆောင်ရွက်လျက်ရှိ

အာဆီယံ - ကိုရီးယား စီးပွားရေး ဆိုင်ရာ အမှုဆောင် အရာရှိချုပ်များ၏ ထိပ်သီးအစည်းအဝေး ၂၀၁၉ ကျင်းပစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်အခါတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် အာဆီယံ နှင့် အာရှနိုင်ငံများနှင့် ရင်းနှီး မြှုပ်နှံမှု နှင့် ကုန်သွယ်မှု ဆက်ဆံရေး တိုးမြှင့်ရေးကို အာရုံစိုက် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ကျင်းပသည့် အာဆီယံ – ကိုရီးယား စီးပွားရေး ဆိုင်ရာ အမှုဆောင် အရာရှိချုပ်များ၏ ထိပ်သီးအစည်းအဝေး ၂၀၁၉ တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်း ၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းအကြားတွင် ရှိပြီး အာဆီယံ၏ စီးပွားတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံများတွင် ပါဝင်ကြောင်း ၊ မိမိတို့နိုင်ငံမှာ အကြီးမားဆုံးသော ဒေသတွင်း စီးပွားရေး အုပ်စု ၂ စု ဖြစ်သည့် မဟာမဲခေါင်ဒေသခွဲ နှင့် တောင်အာရှဒေသခွဲအုပ်စု တို့ကို ချိတ်ဆက်ထားသည့် မဟာဗျူဟာမြောက် နေရာတွင် တည်ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသည့် မိတ်ဖက်ဆက်ဆံရေးကို အထူးအလေးထားသည့် အပြင် မိမိတို့ နိုင်ငံများနှင့် မိမိတို့ ဒေသ သာယာဝပြောစေရန် အတွက် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ရန် စိတ်အား ထက်သန်လျက် ရှိကြောင်း ၊ ယင်းမျှော်မှန်းချက်များကို မြန်မာနိုင်၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းသစ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာတွင် စီးပွားရေးလုပ်ငန်း အချင်းချင်း နှင့် ပြည်သူအချင်းချင်းအကြား ဆက်ဆံရေး တိုးတက် ခိုင်မာရေး ကိုသာမက အဖွဲ့အစည်းဆိုင်ရာ အခြေခံအဆောက်အဦနှင့် ဉပဒေမူဘောင်များကိုလည်း အလေးထား အာရုံစိုက်ရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံတို့အကြား ကုန်သွယ်မှုမှာ ဆွေးနွေးဖက် ဆက်ဆံ ရေး တရားဝင်စတင်သည့် အချိန်နှင့် နှိုင်းယှဉ်လျှင် အဆနှစ်ဆယ်ကျော် တိုးတက်ခဲ့ သကဲ့သို့ အာဆီယံသည် ကိုရီးယား သမ္မတနိုင်ငံ၏ ဒုတိယ ကုန်သွယ်မှု အများဆုံး မိတ်ဖက် ဖြစ်လာကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.