Politics, Law & Military
မြဝတီမြို့၌ အမေရိကန်ဒေါ်လာ ၁၆၁,၂၉၀၊ ယူရိုငွေ ၄၃၅၀ နှင့် ယန်း ၁၃,၁၇၀,၀၀၀ တို့ ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်၊ မြဝတီမြို့၌ အမေရိကန်ဒေါ်လာ ၁၆၁,၂၉၀၊ ယူရိုငွေ ၄၃၅၀ နှင့် ယန်း ၁၃,၁၇၀,၀၀၀ တို့ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ၀၉၃၀ အချိန်တွင် ခလရ(၂၈၄)မှ တပ်မတော်သားများ၊ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့(၁)ရပ်ကွက်ရှိ အမှတ်(၁)ချစ်ကြည်ရေးတံတား၌ အောင်မျိုး (၄၀)နှစ် မောင်းနှင်လာသော 9K-×××× VOXY ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်အင်ဂျင်ခန်း အတွင်း သတင်းစာများ ဖြင့်ပတ်ကာ ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသော အထုပ် ၂ ထုပ်အတွင်းမှ အမေရိကန် ဒေါ်လာ ၁၆၁,၂၉၀၊ ယူရိုငွေ ၄၃၅၀ နှင့် ယန်း ၁၃,၁၇၀,၀၀၀ တို့အား တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် အောင်မျိုး(ဖမ်းမိ)အား မြဝတီမြို့မရဲစခန်းမှ (ပ)၃၇၇/၂၀၁၈၊ နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)