Connect with us

Politics, Law & Military

မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းကို ဖျက်သိမ်းကြောင်းထုတ်ပြန်

နိုင်ငံတော်သမ္မတရုံး၏ကြော်ငြာချက်အားတွေ့ရစဉ် (Myanmar president Office)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းကို ဖျက်သိမ်းကြောင်း အမိန့်ကြော်ငြာစာကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

၎င်းအမိန့်ကြော်ငြာစာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၃ ဖြင့် မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းအား ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်ဟု ကြော်ငြာချက်ထဲတွင် ပါရှိသည်။ ၎င်းကြော်ငြာချက်သည် ၂၀၁၆ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.